‘အနီးဆုံးရန်သူများ’ (The Family) ထိုင်းဒရာမာစီးရီးဟာ ဒါရိုက်တာ Ekkasit Trakulkasemsuk က ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ဒရာမာစီးရီးလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် မင်းသမီး Monchanok Saengchaipiangpen နဲ့ မင်းသား Pongtiwat Tangwancharoen တို့က ပါဝင်ထားကြပြီး Neeranuch Pattamasoot, Suprawat Pattamasoot, Rudklao Amratisha, Nuttanan Khunwat, Hemmawich Kwanamphaiphan, Nichapalak Thongkham, Dom Haetrakul, Chanokwanun Rakcheep နဲ့ သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

ဇာတ်လမ်းပုံစံက Prim ဆိုတဲ့ကောင်မလေးဟာ ဆွေမျိုးတွေအများကြီးရှိတဲ့ မိသားစုကြီးတစ်ခုတွင် မွေးဖွားလာသူဖြစ်ပြီး အဘိုးဖြစ်သူရဲ့သေတမ်းစာအရ သူမရဲ့ ဆွေမျိုးနီးစပ်ထဲကတစ်ဦးဖြစ်တဲ့ Joe ဆိုသူကို လက်ထပ်ဖို့အတင်းအကျပ် ခိုင်းစေခံနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ သူမက ဒီအစီအစဉ်ကိုငြင်းပယ်ပြီး တောင်ပိုင်းတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့မိသားစုကလုံးဝသဘောမတူတဲ့ Aran နဲ့တွေ့ဆုံခဲ့ပါတယ်။ Aran ကို သူမရဲ့မိသားစုဆီခေါ်ဆောင်လာခဲ့ပြီး မိသားစုတွေရဲ့ငြင်းပယ်မှုတွေကို ဆက်လက်ဆန့်ကျင်ရင်း Prim တစ်ယောက် ဒီမိသားစုထဲမှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ဖို့ ကြိုးစားပါတော့တယ်။

မိသားစုဆွေမျိုးတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတွေ၊ အလွဲလေးတွေ၊ လျှို့ဝှက်ချက်တွေနဲ့ အချစ်ဇာတ်လမ်းလေးကို မြင်တွေ့ရမဲ့ ‘အနီးဆုံးရန်သူများ’ ထိုင်းဒရာမာစီးရီးဟာ ရသစုံခံစားရစေမဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ‘အနီးဆုံးရန်သူများ’ အချစ်ဒရာမာစီးရီးလေးကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုခံစားလိုက်ပါ။