‘အယောင်ဆောင်ချစ်ဇနီး’ (Marriage with Benefits) အင်ဒိုနီးရှားဇာတ်လမ်းတွဲလေးဟာ နာမည်ကြီးလူကြိုက်များတဲ့ စာရေးဆရာမ Handi Namire ရဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ အချစ်ဒရာမာဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်တွေအဖြစ် မင်းသမီး Jessica Mila, Ayushita နဲ့ မင်းသား Abimana Aryasatya တို့က ပါဝင်ထားကြပြီး ဒါရိုက်တာ Ferry Pei Irawan က ရိုက်ကူးပုံဖော်ထားပါတယ်။

‘အယောင်ဆောင်ချစ်ဇနီး’ ဒရာမာရဲ့ ဇာတ်လမ်းပုံစံကတော့ နိုင်ငံခြားကနေ သူမရဲ့မွေးရပ်မြေ အင်ဒိုနီးရှားသို့ပြန်လာခဲ့တဲ့ Gea ဟာ သူမဖခင်ရဲ့ နောက်အိမ်ထောင်ကို ရင်ဆိုင်ရင်း သူမရဲ့ဘဝမှာ အခက်အခဲတွေ၊ ပင်ပန်းစရာတွေနဲ့ တွေ့ကြုံလာခဲ့ရပါတယ်။ အဲဒီနောက် ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ကြုံရပြီး သူမဟာ သတင်းကြေညာသူတစ်ဦးနဲ့ ဟန်ဆောင်စေ့စပ်ဖို့ဖြစ်လာခဲ့တာပါ။ သူတို့ရဲ့ဆက်ဆံရေးအတုရဲ့ သံသယတွေနဲ့ အရှုပ်တော်ပုံတွေကြားထဲမှာ အချစ်စစ်သို့တဖြည်းဖြည်းပြောင်းလဲလာပုံကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ နားလည်မှုတွေနဲ့ နီးစပ်မှုတွေကြောင့် ဟန်ဆောင်ထားတဲ့ အချစ်ရေးကနေ တကယ်ချစ်မိသွားကြမဲ့ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ‘အယောင်ဆောင်ချစ်ဇနီး’ အင်ဒိုနီးရှားဇာတ်လမ်းတွဲလေးကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါပြီ။