Monday, December 11, 2023
HomeEntertainmentသူမရဲ့အိပ်မက်တွေအတွက် လျှို့ဝှက်မစ်ရှင်တစ်ခုကို လုပ်ဆောင်ဖို့ဖြစ်လာခဲ့တဲ့မိန်းမပျိုလေးရဲ့ အချစ်ဇာတ်လမ်း 'ဆာဂါမြို့ကချစ်ပုံပြင်'

သူမရဲ့အိပ်မက်တွေအတွက် လျှို့ဝှက်မစ်ရှင်တစ်ခုကို လုပ်ဆောင်ဖို့ဖြစ်လာခဲ့တဲ့မိန်းမပျိုလေးရဲ့ အချစ်ဇာတ်လမ်း ‘ဆာဂါမြို့ကချစ်ပုံပြင်’

Viu ရဲ့နောက်ဆုံးထွက် original series ဖြစ်တဲ့ ‘ဆာဂါမြို့ကချစ်ပုံပြင်’ မလေးရှားဇာတ်လမ်းတွဲလေးဟာ အချစ်ဟာသဒရာမာဖြစ်ပြီး ဒါရိုက်တာ Umi Salwana Omar က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Siti Khadijah Halim, Sophia Albarakbah, Fimie Don နဲ့ Ikmal Amry တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

viu.com

ဇာတ်လမ်းပုံစံက နာမည်ကျော်မင်းသမီး Bianca Rozario ရဲ့ ဂျပန်နိုင်ငံ Saga တွင် ဖျော်ဖြေရေးခရီးစဉ်အတွင်း သူမရဲ့ကိုယ်ရေးကိုယ်တာလက်ထောက်နဲ့ စကားပြန်အဖြစ် လှည့်စားခဲ့တဲ့ influencer တစ်ယောက်ဖြစ်သူ Karma ရဲ့ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ Bianca အပေါ် လိမ်ညာလှည့်စားမှုနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေကို မသိရှိစေဖို့အတွက် Karma တစ်ယောက် သူမရဲ့အစီအစဉ်တွေနဲ့ အမျိုးမျိုးသောကြိုးပမ်းမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

youtube.com

Bianca ရဲ့မိခင်ရဲ့ လျှို့ဝှက်မစ်ရှင်တစ်ခုနဲ့ ပတ်သက်နေခဲ့တဲ့ Karma ဟာ Bianca ရဲ့ videographer ဖြစ်သူ Bob နဲ့ ပြဿနာတွေကိုဖန်တီးတတ်တဲ့ တိတ်ဆိတ်တဲ့ကောင်လေး Sham တို့ကြားမှာ သူမရဲ့ရည်မှန်းချက်တွေကို ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ Karma တစ်ယောက် ဒီတာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မှာလား ဒါမှမဟုတ် သူမရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခံလိုက်ရမလား။ Bob နဲ့ Sham တို့နှစ်ယောက်ကရော Bianca အ‌ပေါ် ခံစားချက်ရှိနေလားဆိုတာကို ကြည့်ရှုရမဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ ‘ဆာဂါမြို့ကချစ်ပုံပြင်’ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် အခုပဲကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d