‘ရာဇီယာ ဘုရင်မ’ အိန္ဒိယဇာတ်လမ်းတွဲတွင် Pankhuri Awasthi, James Ghadge, Abdur Rehman Shaikh, Rohit Purohit, Saurabh Pandey, Sooraj Thapar, Seema Kapoor နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီအိန္ဒိယ နန်းတွင်းဒရာမာဇာတ်လမ်းတွဲဟာ Delhi Sultanate ကို အုပ်စိုးခဲ့ဖူးတဲ့ ပထမဆုံးအမျိုးသမီးရဲ့ လက်တွေ့ဘဝကို ရိုက်ကူးပြသထားတာပါ။

13 ရာစုအတွင်းတွင် Delhi ရဲ့ ဘုရင်ဧကရာဇ် Iltutmish ဟာ သူ့ရဲ့သမီးတော် Razia ကို တရားဝင်ဆက်ခံသူအဖြစ် လွှဲပြောင်းခန့်အပ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူသေဆုံးသွားပြီးနောက်မှာတော့ Razia ဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို တည်ထောင်နိုင်ဖို့အတွက် သူမကိုတိုက်ခိုက်လာတဲ့ ရန်သူတွေကို တွန်းလှန်ချေမှုန်းပြီး ကြံ့ကြံ့ခံရပ်တည်ပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ပထမဆုံး အမျိုးသမီးဘုရင်မတစ်ပါးဖြစ်လာခဲ့တဲ့ Razia ဟာ သူမရဲ့ထက်မြက်တဲ့စွမ်းရည်၊ အရည်အချင်းတွေနဲ့ သူမရဲ့ရန်သူတွေကို ဘယ်လိုမျိုးအောင်မြင်အောင် တိုက်ခိုက်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ‘ရာဇီယာ ဘုရင်မ’ အိန္ဒိယဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။