‘ရေးခြယ်မမီ ချစ်သက်ပန်းချီ’ တရုတ်ဒရာမာဇာတ်လမ်းတွဲဟာ အချစ်ဟာသဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Cheng Ming Ko က ရိုက်ကူးပုံဖော်ထားကာ မင်းသား Xia Ning Jun, Lan Bo, Tian Shu Chen, Andy Huang, မင်းသမီး Xi Zi, Karen Kang နဲ့ တခြားသရုပ်ဆောင်တွေက ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက Xiong Xi Ruo ဟာ အဖိုးတန်ပန်းချီတွေကို ပုံတူကူးရန် Li မိသားစုရဲ့အိမ်တော်သို့ ဝင်ရောက်လာခဲ့တဲ့ အမျိုးသမီးပန်းချီဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမရဲ့ရည်ရွယ်ချက်တွေဟာ Li မိသားစုရဲ့အမွေဆက်ခံသူ Li Hong Bin နဲ့တွေ့တဲ့အချိန်မှာတော့ အားလုံးပြောင်းလဲသွားခဲ့ရပါတယ်။ သူမ အဖမ်းခံရလုဆဲဆဲအချိန်တွင် Li Hong Bin ရဲ့ကလေးကို သူမလွယ်ထားရပြီဖြစ်ကြောင်း နှစ်ယောက်သား ဟန်ဆောင်လိမ်ညာခဲ့ကြပါတယ်။ Xiong Xi Ruo နဲ့ လက်ထပ်ခြင်းဟာ Song မိသားစုရဲ့သမီးဖြစ်သူနဲ့ စီစဉ်ထားတဲ့လက်ထပ်ပွဲမှ လွတ်မြောက်ရန်ကူညီပေးနိုင်တာကြောင့် Li Hong Bin ကလည်း ဒီအလိမ်အညာတွေကို ပါဝင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Li မိသားစုက Li Hong Bin နဲ့ Xiong Xi Ruo တို့ကို လက်ထပ်ဖို့သဘောတူပေမဲ့ တချို့ဆွေမျိုးတွေနဲ့ Song မိသားစုက ကိုယ်ဝန်ဟာ အတုအယောင်ဖြစ်တယ်လို့ သံသယရှိခဲ့ကြတာပါ။ Li Hong Bin နဲ့ Xiong Xi Ruo တို့ဟာ သူတို့ရဲ့အကြံအစည်တွေမပျက်စီးစေဖို့ အတူတူရှိလာတဲ့အချိန်တွေ ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက အချစ်တွေတိုးလာခဲ့ပါတယ်။ သူတို့နှစ်ယောက် တကယ်ပဲ အားလုံးကို အဆုံးထိ လိမ်ညာထားနိုင်ပါ့မလား၊ သူတို့ကြားက အချစ်ပန်းလေးတွေကရော ဖူးပွင့်လာမှာလားဆိုတာကို ကြည့်ရှုရမဲ့ တရုတ်ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပါ။
‘ရေးခြယ်မမီ ချစ်သက်ပန်းချီ’ ဆိုတဲ့ အချစ်ဟာသ နန်းတွင်းဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် အခုပဲကြည့်ရှုနိုင်ပါတယ်။