အသက်နှစ်ဆယ်ကျော် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Sol Ah ဟာ webtoon စာရေးဆရာတစ်ဦးဖြစ်လာရန်အတွက် အိပ်မက်တွေရှိနေခဲ့သူတစ်ယောက်ဖြစ်ပြီး သူမဟာ ကြောင်ချစ်တတ်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူယဉ်လွန်းတဲ့ ကြောင်လေးတစ်ကောင်ကို အိမ်သို့ခေါ်လာမိတဲ့အခါမှာတော့ Sol Ah ရဲ့ဘဝမှာ မြန်ဆန်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

သူမအိမ်ကိုခေါ်လာခဲ့တဲ့ Hong Jo အမည်ရှိတဲ့ ဒီကြောင်ဟာ သာမန်ကြောင်အိုကြီးတစ်ကောင်မဟုတ်ဘဲ ထူးဆန်းစွာ လူသားအသွင်ပြောင်းလဲနိုင်တာပဲ ဖြစ်ပါတယ်။ Hong Jo ဟာ Sol Ah ကို အရမ်းချစ်မြတ်နိုးပြီး သူ့ရဲ့လူသားအသွင်အပြင်ကို သူမ မသိအောင် ဖုံးကွယ်ဖို့ကြိုးစားလာတဲ့အချိန်မှာ နာကျင်မှုတွေကို ခံစားလာခဲ့ရတာပါ။ သူမအနားမှာနေဖို့ သူ ဘာမဆိုလုပ်တော့မှာဖြစ်ကာ Hong Jo တစ်ယောက် တကယ်ပဲ သူ့ရဲ့သရုပ်မှန်ကို Sol Ah မသိအောင် ဖုံးကွယ်ထားနိုင်ပါ့မလား၊ ဆက်ဆံရေးတွေ နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

စိတ်ကူးယဉ် အချစ်ဟာသဒရာမာ ‘ဆန်းကြယ်တဲ့အချစ်’ ဇာတ်လမ်းတွဲကို ဒါရိုက်တာ Ji Byung Hyun နဲ့ Goo Sung Joon တို့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Kim Myung Soo, Shin Ye Eun, Seo Ji Hoon, Yoon Ye Joo, Kang Hoon, Ahn Nae Sang နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး ‘ဆန်းကြယ်တဲ့အချစ်’ ကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။