Monday, December 11, 2023
HomeEntertainmentလူတိုင်းမှာ ကိုယ်ပိုင်အလှစစ်တွေရှိနေကြောင်းကို ရိုက်ပြထားတဲ့ ‘True Beauty’ ကိုရီးယားဇာတ်လမ်းတွဲ

လူတိုင်းမှာ ကိုယ်ပိုင်အလှစစ်တွေရှိနေကြောင်းကို ရိုက်ပြထားတဲ့ ‘True Beauty’ ကိုရီးယားဇာတ်လမ်းတွဲ

‘True Beauty’ ကိုရီးယားဇာတ်လမ်းတွဲလေးဟာ သူမရဲ့ရုပ်ရည်သွင်ပြင်ကြောင့် အမြဲတမ်းစိတ်မလုံခြုံမှုကို ခံစားနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို အဓိကရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ အထက်တန်းကျောင်းသူလေး Im Ju Kyung ဟာ ငယ်ငယ်ကတည်းက သူမရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး အမြဲတမ်းအလိုမကျဖြစ်ခဲ့ရသူပါ။

youtube.com

ဒါကြောင့်လည်း Ju Kyung ဟာ သူမရဲ့နဂိုမျက်နှာကို ဖုံးကွယ်ဖို့အတွက် မိတ်ကပ်အမြဲလိမ်းလေ့ရှိကာ သူမရဲ့ပြောင်မြောက်တဲ့ မိတ်ကပ်လိမ်းခြယ်မှုစွမ်းရည်က သူမကိုမိန်းမလှလေးတစ်ယောက် ဖြစ်သွားစေပါတယ်။ ထင်မှတ်မထားဘဲ Ju Kyung က အထက်တန်းကျောင်းရဲ့ ရုပ်ချောချော၊ ခပ်မိုက်မိုက် ကောင်လေးနှစ်ယောက်ဖြစ်တဲ့ Lee Soo Ho နဲ့ Han Seo Joon တို့နဲ့ ပတ်သက်မိခဲ့ပြီးနောက်မှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ပါတယ်။

pinterest.com

ဒီကိုရီးယားဇာတ်လမ်းတွဲလေးက လူတိုင်းတွင်အလှတရားကိုယ်စီရှိလို့နေပြီး ကိုယ့်ရဲ့အလှတရားကို ရှာဖွေတတ်ရမှာဖြစ်သလို အလှတရားက ကြည့်ရှုသူရဲ့မျက်လုံးတွေနဲ့သာ သက်ဆိုင်နေကြောင်းကို သတိပေးထားခဲ့တာပါ။ ‘True Beauty’ ဇာတ်လမ်းတွဲဟာ မင်းသမီး Mun Ka Young, Park Yoo Na, မင်းသား Cha Eun Woo နဲ့ Hwang In Yeop တို့က အဓိကပါဝင်ထားတဲ့ အချစ်ဟာသဒရာမာတစ်ခုပဲ ဖြစ်ပါတယ်။ ကေဒရာမာပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစား လူကြိုက်များခဲ့တဲ့ ဒီ ‘True Beauty’ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးအပြည့်အစုံနဲ့အတူ ကြည်တောက်ရှင်းအရည်အသွေးဖြင့် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d