Monday, December 11, 2023
HomeEntertainmentရှိနေပြီးသားဇာတ်ညွှန်းကို ပြန်လည်ပြောင်းလဲဖို့ကြိုးစားတဲ့ ရုပ်ပြဇာတ်ကောင်တစ်ဦးရဲ့ဘဝကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ထားတဲ့ 'အမှတ်တရ ဟာရူ'

ရှိနေပြီးသားဇာတ်ညွှန်းကို ပြန်လည်ပြောင်းလဲဖို့ကြိုးစားတဲ့ ရုပ်ပြဇာတ်ကောင်တစ်ဦးရဲ့ဘဝကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ထားတဲ့ ‘အမှတ်တရ ဟာရူ’

တကယ်တမ်း သင်ဟာ ရုပ်ပြစာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေကြောင်းကို သိလိုက်ရတဲ့အချိန်မှာ သင်ဘာလုပ်မိမှာလဲ။ ဒီဇာတ်လမ်းရဲ့ ဇာတ်ပို့တစ်ယောက်ပဲလုပ်မှာလား ဒါမှမဟုတ် ဇာတ်လမ်းတစ်ခုလုံးကို သင်ပြောင်းလဲပစ်လို့ ရနိုင်မှာလား။

Drama.com

Eun Dan Oh ဟာ ချမ်းသာတဲ့မိသားစုမှဆင်းသက်လာတဲ့ အသက် 17 နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး နှလုံးရောဂါ ခံစားနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Dan Oh ဟာ သူမရဲ့မှတ်ဉာဏ်ထဲတွင် ကွာဟချက်တွေကို ကြုံတွေ့နေရကြောင်း သဘောပေါက်လာတဲ့အချိန်မှာတော့ သူမဘဝရဲ့ နောက်ထပ်မပျော်ရွှင်ဖွယ် အကြောင်းအရာတစ်ခုကို သိရှိလာခဲ့ရတာပါ။ ဒါကတော့ သူမဟာ ကိုရီးယား webtoon ထဲက ဇာတ်ကောင်တစ်ဦးဖြစ်ပြီး သူမရဲ့အရာအားလုံးကို အနုပညာရှင်က ကြိုတင်ရေးဆွဲထားပြီးသားဆိုတာပါပဲ။ ပိုဆိုးတာက သူမဟာ ဇာတ်ကောင်တွေထဲက ဇာတ်ပို့တစ်ဦးသာဖြစ်ပါတယ်။

pintrest.com

သူမနေထိုင်တဲ့ ကမ္ဘာသစ်ကိုတွေ့ရှိသွားမှုနဲ့အတူ သူမတစ်ဦးတည်းသာတွေ့မြင်နိုင်တဲ့ ဇာတ်ညွှန်းတွေကို သူမရဲ့ကိုယ်ပိုင်ဇာတ်ညွှန်းတွေဖြင့်အစားထိုးကာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုရှာဖွေရန်နဲ့ သူမရဲ့ဇာတ်ကောင်အတွက် စာရေးဆရာရဲ့အစီအစဉ်တွေကို ကျော်လွှားရန် Dan Oh တစ်ယောက် ကြိုးစားပုံကို စိတ်ကူးယဉ်ဆန်ဆန် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ စိတ်ကူးယဉ် လူငယ်အချစ်ဟာသဇာတ်လမ်းလေး ‘အမှတ်တရ ဟာရူ’ ဒရာမာတွင် Kim Hye Yoon, Rowoon, Lee Jae Wook, Lee Na Eun, Kim Young Dae နဲ့ Jung Gun Joo တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d