နိုင်ငံရဲ့အချစ်ရဆုံး ကြယ်ပွင့်တွေထဲကတစ်ယောက်ဖြစ်တဲ့ Gong Tae Sung ဟာ ထင်ရှားကျော်ကြားတဲ့ဘဝဖြင့် နေထိုင်လာခဲ့ရသူဖြစ်ပြီး သူ့မျက်နှာကအပြုံးတွေဖြင့် သူ့ရဲ့ဒေါသကြီးမှုတွေကို ဖုံးကွယ်ထားခဲ့သူတစ်ယောက်ပါ။ သူ့ကို ကြင်နာတတ်ပြီး ယဉ်ကျေးတဲ့လူငယ်တစ်ယောက်အဖြစ် အများကမြင်ကြပေမဲ့ အေဂျင်စီရဲ့ PR အဖွဲ့အကြီးအကဲ Oh Han Byeol ကတော့ Tae Sung ရဲ့ တကယ့်သရုပ်မှန်ကို သိနေခဲ့တာပါ။

သူ့ရဲ့အနိုင်ရလိုစိတ်နဲ့ ဒေါသကြီးမှုကို ကောင်းကောင်းသိရှိနားလည်ထားတဲ့ Han Byeol ဟာ သူမရဲ့အရမ်းကိုကောင်းမွန်တဲ့ ပြောဆိုမှုနဲ့ အကျပ်အတည်းစီမံခန့်ခွဲမှု စွမ်းရည်တို့ဖြင့် Tae Sung ရဲ့ နာမည်ဂုဏ်သတင်းထိခိုက်စေမှုကို အကြိမ်ကြိမ်တားဆီးကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ Tae Sung နဲ့ Han Byeol တို့ဟာ တစ်ချိန်လုံးဆန့်ကျင်ဘက်တွေဖြစ်နေကြကာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုမုန်းတီးနေကြတာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက် အတူတူဖြတ်သန်းဖြစ်ခဲ့တဲ့ အချိန်တွေက အဲဒီခံစားချက်တွေကို ပြောင်းလဲပေးနိုင်မှာလား ဒါမှမဟုတ် သူတို့ရဲ့အမုန်းတွေက ထာဝရတည်တံ့သွားမှာလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

‘ကြယ်ပွင့်များရဲ့ပဲ့ကိုင်ရှင်’ ဒရာမာဇာတ်လမ်းတွဲဟာ အချစ်ဟာသဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Lee Soo Hyun က ရိုက်ကူးပုံဖော်ထားကာ Lee Sung Kyung, Kim Young Dae, Yoon Jong Hoon, Kim Yoon Hye, Prak So Jin, Lee Jung Shin နဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်ထားကြပါတယ်။ အချစ်ဟာသဇာတ်လမ်းတွဲလေး ‘ကြယ်ပွင့်များရဲ့ပဲ့ကိုင်ရှင်’ ကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။