Monday, December 11, 2023
HomeEntertainmentယောက္ခမနဲ့သမက်ဆက်ဆံရေးဖြစ်လာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလွဲလေးတွေကို ကြည့်ရှုရမဲ့ 'သူငယ်ချင်း ‌ယောက္ခမ ၂'

ယောက္ခမနဲ့သမက်ဆက်ဆံရေးဖြစ်လာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလွဲလေးတွေကို ကြည့်ရှုရမဲ့ ‘သူငယ်ချင်း ‌ယောက္ခမ ၂’

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားပြီး လွင်မိုး၊ ကျော်ရဲအောင်၊ မင်းဦး၊ ကောင်းပြည့်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ မိုးဟေကို၊ ဖူးပွင့်သခင်နဲ့ သရုပ်ဆောင်များစွာပါဝင်ထားတဲ့ ‘သူငယ်ချင်း ‌ယောက္ခမ ၂’ မြန်မာရုပ်ရှင်ဇာတ်ကားကြီးဟာ ‘သူငယ်ချင်း ‌ယောက္ခမ’ ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

youtube.com

သူငယ်ချင်းရဲ့သမီးနဲ့မှ ချစ်ကြိုက်မိသွားခဲ့တာကြောင့် သူငယ်ချင်းကို ယောက္ခမတော်ဖို့ ဖြစ်လာခဲ့ရသူနဲ့ သူတို့ရဲ့မရိုးနိုင်တဲ့ အလွဲလေးတွေကို ကြည့်ရှုရမှာပါ။ အမြဲတမ်းပြိုင်ဆိုင်မှုတွေများခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် သမက်နဲ့ယောက္ခမဖြစ်လာချိန်မှာတော့ ဘယ်လိုဂယက်တွေထပြီး ဘာတွေဆက်ဖြစ်ကြမလဲ။ မဟုတ်တာလုပ်တဲ့နေရာမှာ အတိုင်အဖောက်ညီတတ်တဲ့ ဒီသူငယ်ချင်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားမတိုက်ဆိုင်မှုတွေ၊ စကားများရန်ဖြစ်မှုတွေ၊ အလွဲလေးတွေနဲ့ အူတက်အောင်ရယ်ရမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်ချင်တဲ့ ပရိသတ်တွေအတွက် ခဏတာစိတ်အမောပြေစေပြီး တဟားဟားရယ်မောရစေမဲ့ ဟာသဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ‘သူငယ်ချင်း ‌ယောက္ခမ ၂’ မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d