‘အမှောင်ညရဲ့ခေါ်သံ’ အိန္ဒိယဇာတ်လမ်းတွဲဟာ သည်းထိတ်ရင်ဖို သဘာဝလွန် ဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Argha Paik က ပုံဖော်ရိုက်ကူးထားကာ Tumpa Ghosh, Sukanya Chatterjee, Sairity Banerjee နဲ့ Shoumo Banerjee တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

Srimoyee ဟာ ငါးနှစ်သားကလေး Tara ကို အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ဖို့ မွေးစားခဲ့ပါတယ်။ ဒါပေမဲ့ သူမ မသိတာက အောက်လမ်းဆရာ Agharnath ဟာ သူ့ရဲ့ထာဝရရှင်သန်ခြင်းကိုရဖို့အတွက် Tara ကို ယဇ်ပူဇော်ဖို့ ကြံစည်နေခဲ့တာပါ။ အောက်လမ်းဆရာရဲ့ တိုက်ခိုက်မှုတွေနဲ့ အန္တရာယ်ကြီးစွာကျရောက်နေတဲ့ သူမရဲ့ကလေးလေး Tara ကို ကာကွယ်ပေးဖို့ အစွမ်းကုန်ကြိုးစားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုတွေ့မြင်ရမဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

2018 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ ‘အမှောင်ညရဲ့ခေါ်သံ’ သည်းထိတ်ရင်ဖို သဘာဝလွန် အိန္ဒိယဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးအပြည့်အစုံဖြင့် ကြည့်ရှုနိုင်ပါတယ်။