Monday, December 11, 2023
HomeEntertainmentမှော်အစွမ်းရှိတဲ့လက်ဖက်ရည်ကြောင့် ဖြစ်ပေါ်လာတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုကြည့်ရမဲ့ 'မှော်နို့လက်ဖက်ရည်'

မှော်အစွမ်းရှိတဲ့လက်ဖက်ရည်ကြောင့် ဖြစ်ပေါ်လာတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုကြည့်ရမဲ့ ‘မှော်နို့လက်ဖက်ရည်’

‘မှော်နို့လက်ဖက်ရည်’ (My Bubble Tea) ထိုင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ Sand Dhammarong Sermrittirong က ရိုက်ကူးထားပြီး မင်းသမီးချောလေး Pokvorachat Chanchalermvoranun နဲ့အတူ မင်းသားချောတွေဖြစ်ကြတဲ့ Phiravich Attachitsataporn, Nichkhun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

pinterest.com

‘မှော်နို့လက်ဖက်ရည်’ ထိုင်းဒရာမာဇာတ်လမ်းတွဲလေးဟာ ချောမောလှပတဲ့ သူမရဲ့သူဌေးကိုမှ ကြွေနေမိတဲ့ Modem ဆိုတဲ့ ကောင်မလေးရဲ့ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ သူမလိုချင်တဲ့အချစ်ကို ပြန်ရရှိနိုင်ဖို့အတွက် Modem ဟာ သဘာဝလွန် bubble tea ကို ဖျော်စပ်ဖန်တီးခဲ့ပြီး သူမတစ်ဖက်သတ်ကြိတ်ကြွေနေတဲ့ သူမရဲ့သူဌေးကို သောက်စေဖို့ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့ ဘဝရဲ့အလှည့်အပြောင်းဆိုတာ ဘယ်သူကမှ ကြိုတင်မခန့်မှန်းနိုင်တာဖြစ်ပြီး သူမဖျော်စပ်ထားတဲ့ လက်ဖက်ရည်ကို တခြားကောင်လေးတစ်ယောက်က မတော်တဆသောက်မိသွားခဲ့ပါတယ်။

youtube.com

လက်ဖက်ရည်ကို မတော်တဆသောက်မိလိုက်တဲ့ ကောင်လေးက Modem ကို အရူးအမူးစွဲလမ်းလာခဲ့တဲ့နောက်မှာတော့ Modem ရဲ့အချစ်ဇာတ်လမ်းလေးဟာ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ မှော်လက်ဖက်ရည်အစွမ်းမပါဘဲ Modem တစ်ယောက် သူမသူဌေးရဲ့အချစ်ကို ရနိုင်ပါ့မလား၊ သူမကိုအရူးအမူးချစ်မိနေခဲ့တဲ့ ကောင်လေးကိုရော သူမလျစ်လျူရှုနိုင်ပါ့မလား ဆိုတာကို ကြည့်ရှုရမဲ့ သဘာဝလွန် အချစ်ဟာသ ထိုင်းဒရာမာစီးရီးလေး ဖြစ်ပါတယ်။ ‘မှော်နို့လက်ဖက်ရည်’ ထိုင်းစီးရီးလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုလိုက်ပါ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d