အမှန်တရားအတွက် သူရဲကောင်းများ ‘Partner for Justice’ ကိုးရီးယား ဒရာမာဇာတ်လမ်းတွဲဟာ 2018 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား Jung Jae Young နဲ့ မင်းသမီးချော Jeong Yu Mi တို့က အဓိကပါဝင်ထားတာ ဖြစ်ပါတယ်။ ‘Partner for Justice’ အတွက် နောက်ထပ် season 2 ကိုလည်း ထပ်မံရိုက်ကူး ထုတ်လွှင့်ထားခဲ့တာပါ။

အမှန်တရားအတွက် သူရဲကောင်းများ ‘Partner for Justice’ ကိုးရီးယားဒရာမာ ဇာတ်လမ်းတွဲရဲ့ Season 2 မှာတော့ မင်းသား No Min-woo နဲ့ မင်းသမီး Kang Seung-hyun တို့ကို အဓိကသရုပ်ဆောင်တွေအဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံကတော့ Baek Beom (Jung Jae Young) ဟာ မှုခင်းဆရာဝန်အဖြစ် 10 နှစ်ကြာ လုပ်ကိုင်လာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ Baek Beom ဟာ လူတွေနဲ့ပေါင်းသင်း ဆက်ဆံရေးမှာ ပြေပြစ်သူတစ်ယောက်မဟုတ်ပေမယ့် သူ့ရဲ့အလုပ်မှာတော့ အရမ်းကိုထူးချွန်ကောင်းမွန်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ တခြားသူတွေကို စိတ်မဝင်စားတတ်ပါဘူး။ Eun Sol(Jung Yoo Mi) ဟာ နွေးထွေးတဲ့နှလုံးသားရှိသူတစ်ယောက်ဖြစ်ပြီး အမှုစစ်သစ်လေးတစ်ယောက်ပါ။ သူမဟာ တက်ကြွပြီး ဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်ကာ ချမ်းသာကြွယ်ဝတဲ့ နောက်ခံအသိုင်းအဝိုင်းကနေ ဆင်းသက်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မှုခင်းဆရာဝန်နဲ့ အမှုစစ်တို့ပူးပေါင်းပြီး ရာဇဝတ်မှုတွေကို ဖြေရှင်းသွားကြမယ့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းပုံစံမျိုး ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။