Monday, December 11, 2023
HomeEntertainmentမိသားစုတွေကြားက ကြီးမားတဲ့ရန်ငြိုးတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဆိုးရွားမှုတွေကို ကြည့်ရှုရမဲ့ 'ကြမ္မာနွံ'

မိသားစုတွေကြားက ကြီးမားတဲ့ရန်ငြိုးတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဆိုးရွားမှုတွေကို ကြည့်ရှုရမဲ့ ‘ကြမ္မာနွံ’

‘ကြမ္မာနွံ’ မြန်မာဇာတ်လမ်းတွဲကို အောင်ပြည် Entertainment မှ ထုတ်လုပ်ဖြန့်ချိပြီး ကလျာ (ဝိဇ္ဇာ၊ သိပ္ပံ) ဝတ္ထုကို အခြေခံထားကာ ဇာတ်ညွှန်း အကယ်ဒမီ ဇော်မြင့်ဦးက ရေးသားထားပြီး ဒါရိုက်တာ အောင်သြဘာက ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အကယ်ဒမီ မင်းဦး၊ ရန်ကျော်၊ အကယ်ဒမီ မေသဉ္ဇာဦး၊ စုလှိုင်နှင်း၊ ဖိုးသောကြာ၊ အောင်ခန့်ဇော်၊ မြနှင်းရည်လွင်၊ စိုးနန္ဒာကျော်၊ ဇော်ဇော်၊ အကယ်ဒမီ အောင်ခိုင်၊ အောင်မိုး၊ အကယ်ဒမီ ခင်မို့မို့အေး စတဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

viu.com

အငြိုးအာဃာတတွေကြီးမားမှုကြောင့် မဖြစ်သင့်တာတွေဖြစ်ကြရပြီး မိသားစုအဆက်ဆက် အမုန်းမီးကို မငြိမ်းသတ်နိုင်ကြခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားမှုတွေကို ကြည့်ရှုရမှာပါ။ ဖခင်ဖြစ်သူရဲ့ မတရားသေဆုံးမှုနောက်ကွယ်က တရားခံကိုရှာဖွေဖို့ကြိုးစားနေတဲ့ လူငယ်တစ်ဦးရဲ့စုံစမ်းမှုမှာ အတိတ်ကဘယ်လိုဖြစ်ရပ်တွေကို ရှာဖွေတွေ့ရှိလာမလဲ၊ မိသားစုတွေကြားက ကြီးမားတဲ့ရန်ငြိုးတွေကရော နောက်ဆုံးမှာ အဆုံးသတ်သွားနိုင်ပါ့မလားဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ မြန်မာဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။  

viu.com

ဝါရင့်အနုပညာသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ‘ကြမ္မာနွံ’ မြန်မာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုလိုက်ပါ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d