‘လေဒီဒိန်းဂျား’ ဇာတ်ကားတွင် နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ထွန်းအိန္ဒြာဗိုလ်၊ ပိုင်ဖြိုးသုနဲ့ မင်းသား ခါရာ၊ ခန့်စည်သူတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မုဏ်း၊ ထူးမွန်၊ ဖူးချစ်နဲ့ သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်ညွှန်း မိုးနီလွင်က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က ရိုက်ကူးပုံဖော်ထားခဲ့တာပါ။

ဒီဇာတ်ကားဟာ ယောက်ျားတွေကြောင့် ဘဝပျက်မတတ်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးသုံးယောက်ရဲ့ ယောက်ျားတွေအပေါ် မုန်းတီးခြင်းကနေ စတင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ရိုးသားဖြူစင်ကြတဲ့ မိန်းမသားတွေကို အရောင်ဆိုးတတ်ကြတဲ့ တချို့သောယောက်ျားတွေကြောင့် ဒီအမျိုးသမီးသုံးယောက်ရဲ့ ရိုးသားဖြူစင်တဲ့အပြုအမူတွေဟာ ပျောက်ဆုံးသွားခဲ့ရပါတယ်။
ဖောက်ပြန်တတ်တဲ့ အမျိုးသားတွေနဲ့ ရိုးသားတဲ့မိန်းမငယ်လေးတွေကို အမြတ်ထုတ်ချင်တဲ့ ယောက်ျားတွေအတွက် မိန်းမတွေရဲ့ အကောင်းဆုံးလက်နက်ဖြစ်တဲ့ မာယာကိုအသုံးချပြီး လက်စားချေကြမဲ့ အမျိုးသမီးသုံးယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပါတယ်။ ‘လေဒီဒိန်းဂျား’ မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။