Monday, December 11, 2023
HomeEntertainmentမိန်းကလေးတစ်ယောက်တည်းကိုမှ ချစ်မိသွားခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး 'အချစ်နှင့်ခြယ်မှုန်းသော'

မိန်းကလေးတစ်ယောက်တည်းကိုမှ ချစ်မိသွားခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ‘အချစ်နှင့်ခြယ်မှုန်းသော’

‘အချစ်နှင့်ခြယ်မှုန်းသော’ ဒရာမာဇာတ်လမ်းတွဲလေးဟာ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုကို လက်လွှတ်မခံနိုင်ကြတဲ့ အသက် 18 နှစ်အရွယ် ဆယ်ကျော်သက်လူငယ်လေးတွေရဲ့ ခိုင်မာတဲ့သံယောဇဉ်နဲ့ စစ်မှန်တဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာ မင်းသား Oh Se Hun, Cho Jun Young နဲ့ မင်းသမီး Jang Yeo Bin တို့က အဓိကပါဝင်ထားကြတာပါ။ ဒီဒရာမာဟာ မှတ်ဉာဏ်ကို ကိုယ်တွင်းအင်္ဂါအစားထိုးမှုခံယူသူတွေထံ လွှဲပြောင်းပေးနိုင်တယ်ဟု ယူဆရတဲ့ cellular memory ရဲ့ ထူးခြားတဲ့အကြောင်းအရာကို ပြသထားတာဖြစ်ပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက Go Yoo ဟာ Hara အထက်တန်းကျောင်း ဒုတိယနှစ်တွင် တက်ရောက်နေတဲ့ အသက် 18 နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ နေ့စဉ်နဲ့အမျှ အရပ်ကြီးရှည်လာခဲ့တာဖြစ်ကာ ဒီလိုမျိုးအရပ်ရှည်အောင် ဘတ်စကက်ဘောကစားခြင်းကို ရွေးချယ်ခဲ့တဲ့အတွက်လည်း သူ့ကိုယ်သူမကြာခဏ ဂုဏ်ယူနေခဲ့ပါတယ်။ သူဟာ စာမလေ့လာပေမဲ့လည်း ကျောင်းသားတွေထဲက ဆွဲဆောင်မှုရှိသူစာရင်းတွင် တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

youtube.com

Go Yoo က တစ်စုံတစ်ယောက်နဲ့ချိန်းတွေ့ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များနေတတ်တာဖြစ်ပြီး သူ့ရဲ့သူငယ်ချင်း Joon Hee ကိုတော့ အရမ်းကိုကာကွယ်ပေးချင်နေခဲ့တာပါ။ သူငယ်ချင်းဖြစ်သူ Joon Hee ကို သူ့ဆီကနေ ကျောက်ကပ်တစ်ခြမ်းလှူပေးခဲ့ပြီးနောက်မှာတော့ ဆယ်လူလာမှတ်ဉာဏ်ကြောင့် သူ့ရဲ့အချစ်ဦး ကျောင်းရဲ့နံပါတ်တစ်ကောင်မလေး So Yeon ကို Joon Hee နဲ့အတူ အပြိုင်လုဖို့ဖြစ်လာခဲ့ရပါတယ်။

လူငယ်အချစ်ဇာတ်လမ်းတွဲလေး ‘အချစ်နှင့်ခြယ်မှုန်းသော’ ဒရာမာကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d