ထိုင်းဇာတ်လမ်းတွဲတွေဟာ လူငယ်ဆန်မှု၊ အိမ်ထောင်ရေး၊ အချစ်၊ အမုန်းနဲ့ အားပြိုင်မှုစတဲ့ ရသမျိုးစုံကို ခံစားနိုင်တာကြောင့် မြန်မာပရိသတ်တွေ အကြိုက်တွေ့မိတဲ့ အာရှဇာတ်လမ်းတွဲတွေထဲမှာ တစ်ခုပါဝင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဇာတ်လမ်းတွဲတစ်ခုစီတွင် မတူညီတဲ့ရသတစ်ခုကိုပေးစွမ်းမယ့် ဇာတ်လမ်းတွဲ ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။
F4 Thailand: Boys Over Flowers

Yoko Kamio ရဲ့ ဂျပန် shōjo manga စီးရီးကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲလေးဟာ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ အထူးသဖြင့် ကိုးရီးယားဒရာမာဇာတ်လမ်းတွဲတစ်ခုအဖြစ် လူသိများတဲ့ ဒီဇာတ်လမ်းတွဲလေးကို ထိုင်းဗားရှင်းပုံစံလေးနဲ့ ကြည့်ရှုရမှာဖြစ်ပြီး မင်းသမီး Tu Tontawan Tantivejakul, မင်းသား Vachirawit Chivaaree, Jirawat Sutivanichsak, Metawin Opas-iamkajorn နဲ့ Hirunkit Changkham တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ကောင်မလေးတစ်ယောက်က ငွေကြေးချမ်းသာတဲ့ အထက်တန်းစားတွေသာ တက်ရောက်နိုင်တဲ့ ကျောင်းတစ်ခုကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူမဟာ ကျောင်းရဲ့နာမည်အကြီးဆုံးနဲ့ အချမ်းသာဆုံးဘီလျံနာအမွေဆက်ခံသူ ကောင်လေးလေးယောက်နဲ့ ဆုံတွေ့တဲ့အချိန်မှာ သူမအတွက် ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ကြည်နူးဖွယ်ကြည့်ရှုရမယ့် လူငယ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။
Husband in Disguise

‘Nut’ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ထက်မြက်ပြီး ငွေကြေးကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာသူတစ်ယောက်ဖြစ်ပါတယ်။ ‘Wat’ ဆိုသူကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူဟာ အရာရာကိုအလေးအနက်ထားသူဖြစ်ကာ အခွင့်အရေးသမားတွေကို မုန်းတီးတတ်သူလည်း ဖြစ်ပါတယ်။ Wat ဟာ သာမန်လူလတ်တန်းစားတစ်ယောက်ဖြစ်ပေမယ့် ရိုးသားသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အမေကတော့ လောင်းကစားသမားတစ်ယောက်ပါ။ မမျှော်လင့်ဘဲ အမေဖြစ်သူဟာ အကြွေးတွေဝိုင်းခဲ့ပြီး သားဖြစ်သူ Wat နဲ့ Nut တို့ဟာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ Usamanee waitayanon, Warit Sirisantana နဲ့ Amena Gul တို့က အဓိကပါဝင်ထားကြပါတယ်။
Remember 15

Remember 15 ဇာတ်လမ်းတွဲတွင် Ray Venita Loywattanakul, Sairung Prapakon Chairak, Zee Pruk Panich, Tommy Sittichok Pueakpoolpol, Jimmy Karn Kritsanaphan, Ace Chitsanupong, Sakunnanthiphat နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ “အားလုံးကိုလွမ်းတယ် အဲဒီကျွန်းမှာပြန်ဆုံကြမလား” ဆိုတဲ့ လွန်ခဲ့တဲ့ငါးနှစ်က ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ ကျောင်းကြယ်ပွင့် ‘Lyla’ ထံမှ လျှို့ဝှက်ဆန်းကြယ်တဲ့မက်ဆေ့ချ်ဟာ သူမရဲ့အထက်တန်းသူငယ်ချင်းဟောင်းတွေ၊ စီနီယာတွေနဲ့ သူမရဲ့ညီမဖြစ်သူထံကို ရောက်ရှိလာခဲ့ပါတယ်။ Lyla သေဆုံးသွားခဲ့တာ အချိန်ကြာနေပြီဖြစ်ပေမယ့် ဒီစာကို သူတို့ဆီကို ဘယ်လိုပို့ခဲ့တာလဲ။ ဒီလိုနဲ့ မက်ဆေ့ချ်လက်ခံရရှိခဲ့တဲ့ သူတို့ 12 ယောက်ဟာ ကျွန်းပေါ်ကိုပြန်လာခဲ့ကြပြီး စာပို့တဲ့သူဟာ ဘယ်သူလဲဆိုတာကို ရှာဖွေဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် အမှန်တရားနဲ့ပိုနီးစပ်လာလေလေ ရက်စက်ကြမ်းကြုတ်တဲ့ အတိတ်တွေကို ရှာဖွေတွေ့ရှိလေဖြစ်ပြီး သူငယ်ချင်းခေါင်းစဉ်အောက်က dark secret တွေကို ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
ဤထိုင်းဇာတ်လမ်းတွဲကောင်းတွေကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။