Monday, December 11, 2023
HomeEntertainmentမတရားသဖြင့် သေဆုံးခဲ့ရတဲ့ အငြိုးကြီးဝိညာဉ်တွေရဲ့ ပြန်လည်လက်စားချေမှုကို ကြည့်ရှုရမဲ့ 'တာတေကြီး'

မတရားသဖြင့် သေဆုံးခဲ့ရတဲ့ အငြိုးကြီးဝိညာဉ်တွေရဲ့ ပြန်လည်လက်စားချေမှုကို ကြည့်ရှုရမဲ့ ‘တာတေကြီး’

‘တာတေကြီး’ မြန်မာရုပ်ရှင်ဇာတ်ကားကြီးဟာ အိန္ဒိယဇာတ်ကားကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာဝိုင်းက ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်ကားတွင် မင်းသား နေတိုး၊ မင်းသမီးရွှေသမီးတို့က အဓိကပါဝင်သရုပ်ဆောင်ထားကာ ဇော်ဦး၊ လူမုန်းနဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

viu.com

ဇာတ်လမ်းပုံစံက ငယ်ငယ်ကတည်းက ယောက်ျားပီပီသသမရှိခဲ့တာကြောင့် ဖခင်ဖြစ်သူက ပတ်ဝန်းကျင်တွင်အရှက်ရမိတယ်ဆိုပြီး ရိုက်နှက်ကြိမ်းမောင်းကာ  အိမ်ကနေမောင်းထုတ်ခံလိုက်ရတဲ့ ကောင်လေးဟာ သူ့ကိုသနားကြင်နာစွာ ဖေးမပေးတဲ့ ဆင်းဆင်းရဲရဲ သားအဖနှစ်ယောက်နဲ့ တွေ့ဆုံခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ရဲ့ဖြစ်တည်မှုအရ နေထိုင်ခွင့်ရခဲ့ပြီး ဘဝကိုကောင်းမွန်စွာနဲ့ ဖြတ်သန်းရှင်သန်ရင်း ဒီသားအဖနှစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ်။

youtube.com

ဒါပေမဲ့ ကံတရားက သူတို့ဘက်တွင်ရှိမနေခဲ့ဘဲ သူဝယ်ယူထားခဲ့တဲ့မြေကို မတရားသိမ်းပိုက်ချင်နေတဲ့သူတွေက သူတို့သုံးယောက်လုံးကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ မတရားသေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေဟာ မတရားခံခဲ့ရတဲ့အတွက် မကျွတ်မလွတ်နိုင်တဲ့ ဝိညာဉ်ဘဝကိုရောက်သွားခဲ့ကြပြီး ပြန်လည်လက်စားချေနိုင်မဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။ ဒီဝိညာဉ်တွေက လူငယ်တစ်ယောက်ရဲ့ကိုယ်ထဲကို ပူးကပ်ဖို့အခွင့်အရေးရသွားခဲ့တဲ့ အချိန်မှာတော့ သူတို့ရဲ့မတရားခံရမှုတွေကို ပြန်ပေးဆပ်ဖို့ကြိုးစားပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ ‘တာတေကြီး’ ကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d