ဒါရိုက်တာ Farid Dermawan ရိုက်ကူးပုံဖော်ထားတဲ့ ‘နတ်သမီးရဲ့နှလုံးသားပိုင်ရှင်’ အင်ဒိုနီးရှား mini series ဟာ အချစ်ဒရာမာအမျိုးအစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသား Ari Irham, Teuku Ryan, Vladimir Rama, Arief Didu, မင်းသမီး Zoe Abbas Jackson, Tj Ruth နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးဟာ Habiburrahman El Shirazy ရဲ့ အရောင်းရဆုံးဝတ္ထုကို အခြေခံကာ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက သူမရဲ့အချစ်နဲ့ အိပ်မက်တွေကို လိုက်ရှာရာတွင် Ayna ဟာ Gus Afif, Yoyok နဲ့ Anton ဆိုတဲ့ အမျိုးသားသုံးယောက်နဲ့ တွေ့ဆုံခဲ့ပြီး မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရကာ သူမဘဝအတွက် အကောင်းဆုံးကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားသွားပုံကို ရိုက်ကူးထားတာပါ။

ချစ်ရသူကိုဆုံးရှုံးလိုက်ရပြီးနောက် ဝမ်းနည်းမှုကိုခံစားခဲ့ရတဲ့ Ayna ဟာ သူမရဲ့ဘဝထဲကို နောက်ထပ်ရောက်ရှိလာတဲ့ အမျိုးသားသုံးဦးထဲက တစ်ယောက်ယောက်ကိုတော့ သေချာပေါက်ရွေးချယ်ရတော့မှာပါ။ ဒါပေမဲ့ မထင်မှတ်ထားစွာနဲ့ သူမနဲ့အနီးဆုံးလူတွေမှာ သူမအတွက် တခြားအစီအစဉ်တွေရှိနေတဲ့အခါ Ayna တစ်ယောက် သူမရဲ့နှလုံးသားထဲတွင်ရှိနေတဲ့ အရာတွေကို အကောင်အထည်ဖော်ပြီး သူမချစ်ရသူနဲ့ပေါင်းစည်းဖို့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရပုံကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ‘နတ်သမီးရဲ့နှလုံးသားပိုင်ရှင်’ အင်ဒိုနီးရှား ဇာတ်လမ်းတွဲလေးကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုလိုက်ပါ။