Monday, December 11, 2023
HomeEntertainmentဘဝကိုကြိုးစားရှင်သန်နေတဲ့ ဆတ်ဆတ်ထိမခံတတ်တဲ့ မိန်းကလေးနဲ့ ချမ်းသာပြီးမောက်မာတဲ့ သူဌေးသားတို့ရဲ့ အချစ်ဇာတ်လမ်း 'လူဆိုးလေးရဲ့ဖူးစာရှင်'

ဘဝကိုကြိုးစားရှင်သန်နေတဲ့ ဆတ်ဆတ်ထိမခံတတ်တဲ့ မိန်းကလေးနဲ့ ချမ်းသာပြီးမောက်မာတဲ့ သူဌေးသားတို့ရဲ့ အချစ်ဇာတ်လမ်း ‘လူဆိုးလေးရဲ့ဖူးစာရှင်’

Go Eun Sung ရဲ့ဘဝဟာ စင်ဒရဲလားနဲ့ ဆင်တူပါတယ်။ ဖခင်ကွယ်လွန်သွားပြီးနောက်တွင် မိထွေးဖြစ်သူ Baek Sung Hee က သူမရဲ့ပိုင်ဆိုင်မှုအားလုံးကို လုယူသွားခဲ့ပြီး သူမရဲ့မောင်ဖြစ်သူ Eun Woo ကတော့ သဲလွန်စမရှိဘဲ ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ Eun Sung ဟာ သူမရဲ့ဇွဲလုံ့လဖြင့် သူမဖြစ်ချင်တဲ့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ကို အမှန်တကယ်ကြိုးစားအားထုတ်ခဲ့တာပါ။

Pinterest.com

Jang Sook Ja ကတော့ စားသောက်ကုန်ကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပြီး အတိတ်မေ့ရောဂါကိုခံစားနေရကာ သူမဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတောင် မမှတ်မိနိုင်ဖြစ်နေတာကြောင့် Eun Sung က သူမရဲ့အိမ်ကို ခေါ်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့အိမ်ကိုခေါ်လာခဲ့တဲ့ အမျိုးသမီးဟာ လေဆိပ်တွင် သူမနဲ့အိတ်ချင်းမှားသွားခဲ့တဲ့ Sun Woo Hwan ရဲ့ အဘွားဖြစ်တယ်ဆိုတာကိုတော့ Eun Sung တစ်ယောက် လုံးဝမသိခဲ့ပါဘူး။ ဘဝရှင်သန်ရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကြိုးစားနေတဲ့ မဟုတ်မခံတတ်တဲ့ Eun Sung နဲ့ ငွေကြေးချမ်းသာမှုတွေဖြင့် မောက်မာတတ်တဲ့ Woo Hwan တို့နှစ်ယောက်ကြားက အမြဲတမ်းပြဿနာလေးတွေနဲ့ ပြောင်းလဲလာတဲ့ ဆက်ဆံရေးအခြေအနေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

Viki.com

‘လူဆိုးလေးရဲ့ဖူးစာရှင်’ အချစ်၊ မယ်လိုဒရာမာ ကိုရီးယားဇာတ်လမ်းတွဲတွင် မင်းသား Lee Seung Gi, Bae Soo Bin, မင်းသမီး Han Hyo Joo နဲ့ Moon Chae Won တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး Ban Hyo Jung, Lee Seung Hyung နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ‘လူဆိုးလေးရဲ့ဖူးစာရှင်’ ဒရာမာဇာတ်လမ်းတွဲဟောင်းလေးကို ပြန်လည်ကြည့်ရှုချင်တယ်ဆိုရင်တော့ မြန်မာစာတန်းထိုးအပြည့်အစုံဖြင့် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d