Monday, December 11, 2023
HomeEntertainmentပျော်ရွှင်မှုကိုပေးနိုင်မယ်လို့ တွေးထင်ထားခဲ့တဲ့ လက်တစ်စုံကို ဖမ်းဆုပ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း 'အဆိပ်သင့်ရေစက်'

ပျော်ရွှင်မှုကိုပေးနိုင်မယ်လို့ တွေးထင်ထားခဲ့တဲ့ လက်တစ်စုံကို ဖမ်းဆုပ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ‘အဆိပ်သင့်ရေစက်’

‘အဆိပ်သင့်ရေစက်’ အချစ်ဒရာမာစီးရီးကို ဒါရိုက်တာ Boonyathorn Kitiphattakon က ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Janistar Phomphadungcheep, Laknara Piatha နဲ့ မင်းသား Artit Tangwiboonpanit တို့က အဓိကပါဝင်ထားကာ Phanudet Watnasuchart, Chanokwanun Rakcheep နဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်အားဖြည့်ထားကြပါတယ်။

viu.com

‘အဆိပ်သင့်ရေစက်’ ဆိုတဲ့ အချစ်စီးရီးလေးဟာ အလှည့်အပြောင်းမြန်တဲ့ ကမ္ဘာကြီးမှာ နောက်ကျကျန်နေခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပြသထားတာ ဖြစ်ပါတယ်။ မိန်းကလေးတိုင်းဟာ ကံကြမ္မာကို ယုံကြည်တတ်ကြသူတွေဖြစ်ပြီး သူတို့အတွက် ထာဝရပျော်ရွှင်မှုကိုပေးမဲ့ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံဖို့ကို အိပ်မက်မက်တတ်ကြတာ ဖြစ်ပါတယ်။

viu.com

“တစ်စုံတစ်ယောက်နဲ့ မမျှော်လင့်ဘဲတွေ့ဆုံရတာဟာ တိုက်ဆိုင်မှုတစ်ခုဖြစ်ပေမဲ့ အဲဒီလူကို အနားမှာနေထိုင်အောင် လုပ်ဆောင်နိုင်တာကတော့ ကံကြမ္မာဖြစ်တယ်” ဆိုတဲ့ စကားရှိပါတယ်။ အဲဒီစကားကို ယုံကြည်တဲ့အနေနဲ့ လူတချို့က တိုက်ဆိုင်မှုတစ်ခုကို ကံကြမ္မာအဖြစ်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ဆက်ဆံရေးကရော တိုက်ဆိုင်မှုသက်သက်လား ဒါမှမဟုတ် ကံကြမ္မာတစ်ခုလား။ ‘အဆိပ်သင့်ရေစက်’ အချစ်ဒရာမာစီးရီးကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d