‘ရင်ထဲကဒဏ္ဍာရီ’ ဟာ ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်ထားပြီး Channel K ကနေ ထုတ်လုပ်ထားတဲ့ မြန်မာဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ အဆိုတော်၊ မင်းသား လွှမ်းပိုင်၊ မင်းသမီးချောလေး နော်ဖောအယ်ထားတို့က အဓိကပါဝင်ထားကာ အရိုင်း၊ ထူးသာ၊ ညီကျော်၊ သုတဇော်၊ မောင်ကင်း၊ ဥသာကျော်၊ ဥသြသံသာချို၊ ယမှုံ၊ ငြိမ်းဆုသာ၊ အောင်ပြည့်ချမ်းနဲ့ သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက နယ်မြို့လေးကို ဆေးကုဖို့ရောက်လာခဲ့ပြီး လူနာတွေအပေါ် စေတနာမေတ္တာအပြည့်နဲ့ ဆေးကုသပေးတတ်တဲ့ ဆရာမလေးကို ဒီနယ်မြို့လေးမှာနေထိုင်တဲ့ သာမန်လူဆင်းရဲကောင်လေးတစ်ယောက်က မြင်မြင်ချင်းချစ်မိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဆရာမလေးကို နေ့တိုင်းတွေ့ရဖို့အခွင့်အရေးကို ကောင်လေးက နည်းလမ်းအမျိုးမျိုးနဲ့ ဖန်တီးပါတော့တယ်။ သူနေမကောင်းဘူးဆိုတဲ့ မရိုးနိုင်လောက်တဲ့ အကြောင်းပြချက်တွေဖြင့် ဆရာမလေးကို နေ့တိုင်းသွားတွေ့ရင်း ဆရာမလေးနဲ့ နီးစပ်ဖို့ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေကတော့ ဆရာမလေးနဲ့ သူဟာ မိုးနဲ့မြေလို အဆင့်အတန်းတွေကွာခြားတာကြောင့် မဖြစ်နိုင်ဘူးလို့ အကြိမ်ကြိမ်တားခဲ့ကြပေမဲ့ သူကတော့ ပေးဆပ်ချစ်ဖြင့်ချစ်နေရရင်တောင် ကျေနပ်တယ်ဆိုပြီး ခေါင်းမာနေခဲ့ပါတယ်။

အသိုင်းအဝိုင်းတွေ၊ အဆင့်အတန်းတွေ၊ ပညာအရည်အချင်းတွေနဲ့ အရာရာအလှမ်းဝေးကွာလွန်းတဲ့ သူ့ကို ဆရာမလေးက ပြန်ချစ်လာပါ့မလား၊ ဆရာမလေးရဲ့အသိုင်းအဝိုင်းကရော သူ ဆရာမလေးနားမှာ ရှိနေတာကို ကြည်ဖြူပါ့မလား။ ရင်ထဲနင့်နေအောင်ခံစားရမဲ့ ဒီအချစ်ဇာတ်လမ်းလေးဟာ ဖြူစင်ရိုးသားမှုနဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ‘ရင်ထဲကဒဏ္ဍာရီ’ မြန်မာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။