Monday, December 11, 2023
HomeEntertainmentပညာမတတ်တဲ့ သူဌေးသားနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့အမျိုးသမီးလေးတို့ရဲ့ ဟာသအချစ်ဇာတ်လမ်းလေး ‘Darli and the Cocky Prince’

ပညာမတတ်တဲ့ သူဌေးသားနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့အမျိုးသမီးလေးတို့ရဲ့ ဟာသအချစ်ဇာတ်လမ်းလေး ‘Darli and the Cocky Prince’

‘Darli and the Cocky Prince’ ကိုရီးယားဇာတ်လမ်းတွဲလေးဟာ အချစ်ဟာသဒရာမာအမျိုးအစားဖြစ်ပြီး ဇာတ်ညွှန်းကို Son Eun Hye က ရေးသားထားကာ ဒါရိုက်တာ Lee Jung Sub က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ‘Darli and the Cocky Prince’ ဒရာမာတွင် မင်းသား Kim Min Jae, Kwon Yool, Hwang Hee, မင်းသမီး Park Gyu Young နဲ့ Yeonwoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။

youtube.com

ဇာတ်လမ်းပုံစံက Jin Moo Hak ဟာ ကမ္ဘာလုံးဆိုင်ရာစားသောက်ဆိုင် ကုမ္ပဏီကြီး Dondon F&B မိသားစုရဲ့ ဒုတိယသားဖြစ်ပါတယ်။ ဒီအစားအသောက်ကုမ္ပဏီဟာ ဝက်ရိုးစတူးဆိုင်သေးသေးလေးမှ စတင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး Moo Hak ဟာ ပညာမတတ်ပေမဲ့ ငွေကောင်းကောင်းရှာနိုင်သူ ဖြစ်ပါတယ်။ Kim Da Li ကတော့ အနုပညာပြခန်းတွေကို သွားရောက်လေ့လာမှုပြုလုပ်နေသူ တစ်ယောက်ဖြစ်ပြီး သူမဟာ ဂုဏ်သိက္ခာရှိတဲ့ မိသားစုမှဆင်းသက်လာတဲ့ တစ်ဦးတည်းသောသမီး ဖြစ်ပါတယ်။ Da Li ဟာ ဘာသာစကားခုနစ်မျိုးကို ပြောဆိုနိုင်ကာ ထူးခြားတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားပေမဲ့ ဟင်းချက်ခြင်းနဲ့ အိမ်မှုကိစ္စတွေကိုတော့ ကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။

youtube.com

Moo Hak နဲ့ Da Li တို့ဟာ တစ်ယောက်အကြောင်းတစ်ယောက်သေချာမသိဘဲ တွေ့ဆုံခဲ့ကြပြီး သူတို့နှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ခံစားချက်လေးတွေ ဖြစ်လာခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဒေဝါလီခံရတဲ့ အနုပညာပြခန်းတစ်ခုကြောင့် ချမ်းသာပြီးပညာမတတ်တဲ့ မိသားစုမှသားနဲ့ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂုဏ်သိက္ခာရှိတဲ့ မိသားစုမှ သမီးအဖြစ်ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါမှာတော့ Moo Hak နဲ့ Da Li တို့ရဲ့ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ‘Darli and the Cocky Prince’ အချစ်ဟာသဒရာမာဇာတ်လမ်းတွဲလေးကို အခုပဲ https://www.viu.com/ott/mm/mya တွင် ကြည့်ရှုလိုက်ပါ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d