စစ်ပွဲကြောင့်ပျက်စီးနေတဲ့ ကမ္ဘာကြီးတွင် Jin, Yan, Liang နဲ့ Qin လူမျိုးကြီးလေးခုဟာ အာဏာနဲ့ အဆုံးစွန်သော လွှမ်းမိုးချုပ်ကိုင်နိုင်မှုတွေအတွက် မရပ်မနားတိုက်ပွဲတွေ ဆင်နွှဲနေခဲ့ကြပါတယ်။ အဆုံးမရှိတဲ့ ဒီပဋိပက္ခတွေကြားမှာ Jin နဲ့ Yan တို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး Jin တို့ပြိုလဲသွားခဲ့ပါတယ်။ Jin ရဲ့မင်းသား He Xia နဲ့ သူ့ရဲ့ထက်မြက်တဲ့ စစ်ရေးဗျူဟာမှူး Bai Ping Ting တို့ဟာ သေဘေးမှလွတ်မြောက်ရန်အတွက် ထွက်ပြေးခဲ့ကြရတာပါ။ ဒါပေမဲ့ ဒီအခြေအနေမှာတောင် ကံကြမ္မာက သူတို့ဘက်က ရှိမနေခဲ့ပါဘူး။ အဲဒီနောက်မှာတော့ He Xia ဟာ ပြန်လည်လက်စားချေနိုင်ဖို့ Bai Liang နိုင်ငံတော်သို့သွားရောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ Bai Ping Ting ဟာ Jin စစ်တပ်ရဲ့အကြီးမြတ်ဆုံး စစ်သူကြီးနဲ့ တိုင်းပြည်ရဲ့အချစ်ရဆုံးမင်းသား Chu Bei Jie ရဲ့ကြင်နာမှုဖြင့် သူမကိုယ်သူမ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူချစ်မြတ်နိုးခဲ့ရတဲ့ မိန်းကလေးအဖြစ် မင်းသားကချက်ချင်းမှတ်မိသွားခဲ့ကာ အခြေအနေအားလုံးဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လုံးဟာ အပြန်အလှန်ချစ်မိခဲ့ကြပြီး နိုင်ငံအပေါ်သစ္စာစောင့်သိမှုကိုဆန့်ကျင်ကာ ရှုပ်ထွေးပွေလီတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ပါတယ်။

‘စစ်မြေပြင်မှ ရွှေဖူးစာ’ ဆိုတဲ့ ဒီတရုတ်ဒရာမာစီးရီးတွင် မင်းသား Wallace Chung နဲ့ မင်းသမီး Angelababy တို့ အဓိကပါဝင်ထားကာ Sean Sun, Gan Ting Ting, Owen Cheng, Deng Sha နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ စိတ်ကူးယဉ် အချစ်ဒရာမာစီးရီး ‘စစ်မြေပြင်မှ ရွှေဖူးစာ’ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။