ထုတ်လွှင့်ပြသနေဆဲ ‘A Good Day To Be A Dog’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ်၊ အချစ်ဟာသ သဘာဝလွန်ဒရာမာအမျိုးအစားဖြစ်ပြီး ဇာတ်ညွှန်း Baek In Ah ရေးသားထားကာ ဒါရိုက်တာ Kim Dae Woong က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသားချော Cha Eun Woo, Lee Hyun Woo နဲ့ မင်းသမီးချောလေး Park Gyu Young တို့က အဓိကပါဝင်ထားကြပြီး Yoon Hyun Soo, Ryu Abel နဲ့ Cho Jin Se တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက Han Hae Na ဟာ မိသားစုတွင် လျှို့ဝှက်ချက်တစ်ခုရှိတဲ့ အထက်တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ ဘိုးဘွားတွေရဲ့အပြစ်ကြောင့် Han Hae Na ရဲ့ မိသားစုမျိုးဆက်တွေဟာ ကျိန်စာတိုက်ခံခဲ့ရဖြစ်ကာ မိသားစုထဲမှလူတိုင်းဟာ နမ်းမိလိုက်တာနဲ့ တစ်မိနစ်အတွင်း ခွေးတစ်ကောင်ဖြစ်သွားပြီး ကျိန်စာကို မဖြေနိုင်ခင်အထိ နောက်ရက်တွေမှာ ည ၁၂ နာရီမှ မနက် ၆ နာရီအထိ ခွေးအသွင်နဲ့ နေရတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီအဖြစ်အပျက်ဟာ သူတို့နဲ့နမ်းခဲ့တဲ့သူက သူတို့ခွေးပုံစံပြောင်းနေတဲ့အချိန်မှာ အနမ်းတစ်ခုမပေးခင်အထိ အသွင်ပြောင်းလဲမှုက ထပ်တလဲလဲဖြစ်နေမှာပါ။ ဒါကြောင့်လည်း Han Hae Na ဟာ သူမနဲ့ အချစ်ရေးဖြစ်နိုင်ခြေရှိတဲ့ အမျိုးသားတွေနဲ့ တွေ့ဆုံတဲ့အခါတိုင်းမှာ သူမကိုမနမ်းဖို့တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမ အကြိမ်ကြိမ် အထားခဲ့ခံဖြစ်ရပါတယ်။ တစ်ညမှာတော့ အရက်မူးနေတဲ့ Han Hae Na က သူတို့ရဲ့ကျောင်းမှ ဆရာဖြစ်သူ Jin Seo Won ကို မတော်တဆနမ်းလိုက်မိပါတယ်။

သိပ်မရင်းနှီးကြတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွင် Han Hae Na က Jin Seo Won ဆီကနေ နောက်ထပ်အနမ်းခံရဖို့အတွက် အဆက်မပြတ်ချဉ်းကပ်ပါတော့တယ်။ ဒါပေမဲ့ Jin Seo Won က ခွေးတွေကို ကြောက်တတ်သူပါ။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအလွဲလေးတွေနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားတွင် ထုတ်လွှင့်ပြသဆဲဖြစ်တဲ့ ‘A Good Day To Be A Dog’ စိတ်ကူးယဉ် အချစ်ဟာသဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုနိုင်ပါပြီ။