ချစ်သူရဲ့သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီးနောက် ရှေးဟောင်းနဂါး Tian Yao ဟာ ဒဏ်ရာအပြင်းအထန်ရကာ အသည်းကွဲခြင်းကို ခံစားခဲ့ရပါတယ်။ သူချစ်ရတဲ့အမျိုးသမီးက သူ့ကိုသစ္စာဖောက်ကာ သူ့ရဲ့နဂါးအကြေးခွံကိုဖယ်ထုတ်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မတူညီတဲ့နေရာငါးခုတွင် ခွဲထုတ်ထားခဲ့တာပါ။ ကံတရားကြောင့်သာ သူ့ရဲ့ဝိညာဉ်က လွတ်မြောက်ခဲ့ပြီး ပြန်မွေးဖွားလာတဲ့အချိန်မှာတော့ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရှာဖွေဖို့ လုပ်ဆောင်ခဲ့ပါတယ်။

Tian Yao ဟာ Yan Hui နဲ့တွေ့ဆုံပြီးနောက်မှာ မျှော်လင့်ချက်ရောင်ခြည်တွေပိုတောက်ပလာခဲ့ပြီး သူတို့နှစ်ယောက်အတူတူ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရယူဖို့ ကြိုးစားခဲ့ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ရဲ့ကြားက ဆက်ဆံရေးတွေ ပိုနက်ရှိုင်းလာခဲ့ပေမဲ့ Yan Hui ရဲ့ ဖုံးကွယ်ထားတဲ့ဇာစ်မြစ်အမှန်ကို သိရှိလာတဲ့အခါမှာတော့ မျှော်လင့်မထားတာတွေ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးဟာ စာရေးဆရာမ Jiulu Feixiang ရဲ့အမည်တူဝတ္ထုကိုအခြေခံထားတဲ့ ‘နှလုံးသား၏အရှင်သခင်’ တရုတ်ဒရာမာစီးရီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် Neo Hou, Zhou Ye, Riley Wang, Chen Xinyu, Zuo Ye, Kenny Kwan, Ken Chang နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ နာမည်ကြီးဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ historical drama အမျိုးအစား ‘နှလုံးသား၏အရှင်သခင်’ ဇာတ်လမ်းတွဲလေးဟာ တရုတ်ဒရာမာစီးရီးပရိသတ်တွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်မယ်ဆိုတာ သေချာပါတယ်နော်။
‘နှလုံးသား၏အရှင်သခင်’ တရုတ်ဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။