‘ပန်းလေးပွင့်နှင့် လိပ်ပြာငယ်’ ဇာတ်လမ်းတွဲဟာ Tontawan Tantivejakul, Vachirawit Chivaaree, Jirawat Sutivanichsak, Metawin Opas-iamkajorn နဲ့ Hirunkit Changkham တို့ပါဝင်ထားတဲ့ ထိုင်းအချစ်ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။ ဒီထိုင်းဒရာမာဇာတ်လမ်းတွဲဟာ Yoko Kamio ရဲ့ ဂျပန် manga series ‘Hana Yori Dango’ ကို အခြေခံရိုက်ကူးထားတာပါ။

Gorya ဟာ ပန်းဆိုင်မှာအလုပ်လုပ်နေတဲ့ ဆင်းရဲတဲ့မိသားစုမှ မိန်းကလေးတစ်ဦးဖြစ်ပြီး သူမဟာ ငွေကြေးချမ်းသာသူတွေတက်ရောက်တဲ့ နာမည်ကြီးကျောင်းတစ်ကျောင်းတွင် တက်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ Gorya တက်ရောက်ခွင့်ရခဲ့တဲ့ကျောင်းမှာတော့ ချမ်းသာပြီး၊ ချောမောလှပပေမဲ့ အကျင့်ပျက်နေကြတဲ့ F4 ဟု လူသိများတဲ့ ကျောင်းသားလေးယောက်က ကျောင်းကိုခြယ်လှယ်အုပ်စိုးနေခဲ့တာပါ။ Gorya ဟာလည်း သူတို့ရဲ့အနိုင်ကျင့်မှုကို ခံရပေမဲ့လို့ သူမရဲ့ပြန်လည်တုံ့ပြန်မှုတွေကြောင့် ဒီအမျိုးသားအုပ်စုဖြစ်တဲ့ အထူးသဖြင့် အဖွဲ့ခေါင်းဆောင် Thyme ကပါ သူမကိုအံ့သြခဲ့ရပါတယ်။

Gorya ဟာ အဖွဲ့ခေါင်းဆောင် Thyme ရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပေမဲ့ သူမကတော့ Thyme ကို စိတ်မဝင်စားဘဲ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Ren ကိုသာ သဘောကျနေခဲ့ပါတယ်။ Ren ကတော့ သူ့ရဲ့ငယ်ဘဝအချစ်ဦး Mira ကို ချစ်နေခဲ့တာဖြစ်ပါတယ်။ အချစ်မှာကျရှုံးသွားခဲ့တဲ့ Thyme တစ်ယောက် တဖြည်းဖြည်းပြောင်းလဲလာမှုနဲ့အတူ သူမရဲ့မိသားစုအပေါ် ရက်ရောတဲ့အပြုအမူလေးတွေကြောင့် Gorya ဟာ Thyme အပေါ် ခံစားချက်တွေ ဖြစ်ပေါ်လာမှာလား၊ အဆင့်အတန်းတွေကွာခြားတဲ့ ဆက်ဆံရေးတွေကရော တည်မြဲနိုင်မှာလားဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။
နာမည်ကြီး ထိုင်းအချစ်ဒရာမာဇာတ်လမ်းတွဲ ‘ပန်းလေးပွင့်နှင့် လိပ်ပြာငယ်’ ကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။