Monday, December 11, 2023
HomeEntertainmentဆန့်ကျင်ဘက်လူနှစ်ဦး အတူလက်တွဲပြီး လူသတ်မှုတွေကိုဖော်ထုတ်မဲ့ဇာတ်လမ်းလေး 'ဆန့်ကျင်ဘက်ပါတနာများ'

ဆန့်ကျင်ဘက်လူနှစ်ဦး အတူလက်တွဲပြီး လူသတ်မှုတွေကိုဖော်ထုတ်မဲ့ဇာတ်လမ်းလေး ‘ဆန့်ကျင်ဘက်ပါတနာများ’

‘ဆန့်ကျင်ဘက်ပါတနာများ’ ဇာတ်လမ်းတွဲဟာ မှုခင်းဟာသဒရာမာ အမျိုးအစားဖြစ်ပြီး Han Woo Joo က ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Lee Soo Hyun က ရိုက်ကူးထားပါတယ်။ ဒီဒရာမာဇာတ်လမ်းတွဲဟာ ဉာဏ်ကြီးရှင်တစ်ဦးနဲ့ အလုပ်အပေါ်မှာ အရမ်းကိုစေတနာထားလွန်းတဲ့ ရှေ့နေတစ်ဦးရဲ့ လက်စားချေမှုဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

Pinterest.com

ဇာတ်လမ်းပုံစံက ဉာဏ်ကြီးရှင်ဖြစ်တဲ့ Lee Ro Um ဟာ သူမ မလုပ်ခဲ့တဲ့အပြစ်အတွက် မတရားစွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့မိဘတွေကို သတ်ဖြတ်ခဲ့မှုဖြင့် လိမ်လည်စွပ်စွဲခြင်းခံရမှုကနေ ကယ်တင်ပေးနိုင်မဲ့သူ ပေါ်ပေါက်လာခဲ့ပါတယ်။ သူ့ရဲ့အလုပ်အပေါ် စိတ်အားထက်သန်မှုအပြည့်နဲ့ စာနာတတ်တဲ့ ရှေ့နေ Han Moo Young ရဲ့အကူအညီဖြင့် 10 နှစ်အကြာတွင် သူမဟာ အပြစ်မှကင်းလွတ်ခွင့်ရခဲ့တာပါ။ အဲဒီနောက်မှာတော့ ပေါင်းစပ်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ သူတို့နှစ်ယောက်ဟာ မဟာမိတ်ဖွဲ့ကာ အမှားကျူးလွန်တဲ့သူတွေကို တိုက်ဖျက်ရန်နဲ့ လက်စားချေရန် ကြိုးစားကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

pinterest.com

‘ဆန့်ကျင်ဘက်ပါတနာများ’ ဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီး Chun Woo Hee, Park So Jin နဲ့ မင်းသား Kim Dong Wook, Yoon Park တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ‘ဆန့်ကျင်ဘက်ပါတနာများ’ မှုခင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုခံစားနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d