Monday, December 11, 2023
HomeEntertainmentစိတ်ဒဏ်ရာတွေပြည့်နေတဲ့ လူငယ်လေးနဲ့ လူနာတွေအပေါ်စေတနာထားတတ်တဲ့ သူနာပြုမလေးတို့ရဲ့ အချစ်ဇာတ်လမ်း 'နောက်ဆုံးတောင်းဆု'

စိတ်ဒဏ်ရာတွေပြည့်နေတဲ့ လူငယ်လေးနဲ့ လူနာတွေအပေါ်စေတနာထားတတ်တဲ့ သူနာပြုမလေးတို့ရဲ့ အချစ်ဇာတ်လမ်း ‘နောက်ဆုံးတောင်းဆု’

‘နောက်ဆုံးတောင်းဆု’ ကိုရီးယားဇာတ်လမ်းတွဲလေးဟာ ဆေးပညာ၊ အချစ်၊ ဒရာမာ အမျိုးအစားဖြစ်ပြီး ဇာတ်ညွှန်း Jo Young So က ရေးသားထားကာ ဒါရိုက်တာ Kim Yong Wan က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Ji Chan Wook, Choi Soo Young, Sung Dong Il, Won Ji An, Yang Hee Kyung, Kil Hae Yeon တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

viu.com

ဇာတ်လမ်းပုံစံက Yoon Kyeo Re ဟာ ငယ်ငယ်လေးကတည်းက စိတ်ဆင်းရဲမှုတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး သူကြီးပြင်းလာခဲ့ရတဲ့ မိဘမဲ့ဂေဟာတွင် ကြောက်မက်ဖွယ်အချိန်တွေ ရှိခဲ့ဖူးတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ဘဝဟာ အရွယ်မရောက်သေးသူ ထိန်းသိမ်းရေးစခန်းတွင် အချိန်တွေကုန်ခဲ့ရပါတယ်။ အရွယ်ရောက်ပြီးချိန်တွင်လည်း အခြေအနေတွေက ပိုကောင်းမလာဘဲ ထောင်ထဲတွင်အချိန်တွေကုန်ခဲ့ရပြီး ရိုက်နှက်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းတွေရဲ့အဆုံးမှာ သူ့ကိုယ်သူရှာဖွေတွေ့ရှိခဲ့ပါတယ်။

youtube.com

နေထိုင်မကောင်းတဲ့လူနာတွေအတွက် ဘဝဆုံးခန်းတိုင် ပြုစုစောင့်ရှောက်ရေးဂေဟာတွင် လုပ်အားပေး တာဝန်ထမ်းဆောင်ရန် တရားရုံးကနေ အမိန့်ချမှတ်လိုက်ချိန်မှာတော့ Kyeo Re ရဲ့ဘဝပြောင်းလဲမှုဟာ စတင်လာခဲ့ပါတယ်။ ဂေဟာတွင် စေတနာ့ဝန်ထမ်းအဖွဲ့ကိုဦးဆောင်တဲ့ Kang Tae Shik နဲ့တွေ့ဆုံခဲ့ပြီး Kang Tae Shik ဟာ လူနာတွေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့ Team Genie ဟုခေါ်တဲ့ စနစ်တစ်ခုကို ဖန်တီးထားခဲ့ပါတယ်။ လူတွေက ဘာတွေပဲတောင်းဆိုနေပါစေ သူတို့ရဲ့နောက်ဆုံးဆန္ဒအတွက် Taem Genie ကနေ အတတ်နိုင်ဆုံးဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်ပေးမှာပါ။ သူ့ရဲ့လူနာတွေအတွက် အချိန်တိုင်းတက်ကြွစွာ ကြိုးစားပေးနေတဲ့ သူနာပြုဆရာမလေး Seo Yeon Joo နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီဂေဟာလေးမှာ Kyeo Re ရဲ့ဘဝက ပြောင်းလဲလာနိုင်ပါ့မလား ဒါမှမဟုတ် သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့ နောက်ကျသွားခဲ့ပြီလား။

‘နောက်ဆုံးတောင်းဆု’ ဆိုတဲ့ ကိုရီးယားဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d