Yan Dan နဲ့ သူမရဲ့အမြွှာညီအစ်မ Zhi Xi တို့ဟာ ရှေးဟောင်းကြာပန်းမျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်တွေ ဖြစ်ကြပါတယ်။ Yan Dan ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အဖိုးတန်ဆေးဝါးရတနာသိုက်တစ်ခု ဖြစ်ပါတယ်။ သူမနဲ့ Zhi Xi တို့ဟာ လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုအတွင်း လူသားအသွင်သို့ ပြောင်းလဲခဲ့ကြကာ Yan Dan က သူမဘဝရဲ့ အကြီးမားဆုံးစမ်းသပ်မှုဖြစ်တဲ့ အချစ်ရဲ့စမ်းသပ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

Ying Yuan ကို ချစ်မိသွားခဲ့တဲ့ Yan Dan ဟာ သူမချစ်ရသူကို မေ့ပစ်နိုင်ဖို့ကြိုးစားရင်း အချိန်နှစ်ပေါင်း 900 ကုန်ဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဘဝထဲကို Yu Mo ဆိုသူက ရုတ်တရက်ဝင်ရောက်လာခဲ့ပြီး သူမရဲ့ကြီးမားတဲ့ ပံ့ပိုးကူညီမှုဖြစ်လာခဲ့တာပါ။ Ying Yuan ဟာလည်း မိစ္ဆာမုဆိုး Tang Zhou အဖြစ် လူဝင်စားဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့တွေက ရှေးဟောင်းနတ်ပစ္စည်းလေးခုကို ရှာဖွေကြရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

‘ကောင်းကင်ဘုံက ချည်တဲ့ကြိုး’တရုတ်ဇာတ်လမ်းတွဲဟာ Su Mo ရဲ့ ‘Agarwood Like Crumbs’ ဝတ္ထုကို အခြေခံထားတဲ့ စိတ်ကူးယဉ်အချစ်ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မင်းသမီး Yang Zi, Meng Zi Yi, Lin Yuan, မင်းသား Cheng Yi, Ray Chang နဲ့ Zhu Yong Teng တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘ကောင်းကင်ဘုံက ချည်တဲ့ကြိုး’ အချစ်ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။