Monday, December 11, 2023
HomeEntertainmentခင်ပွန်းဖြစ်သူရဲ့သစ္စာဖောက်မှုကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်စားချေလိုစိတ်ပြင်းပြမှုကို ကြည့်ရှုရမဲ့ 'အိမ်ထောင်ဝင်္ကပါ'

ခင်ပွန်းဖြစ်သူရဲ့သစ္စာဖောက်မှုကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်စားချေလိုစိတ်ပြင်းပြမှုကို ကြည့်ရှုရမဲ့ ‘အိမ်ထောင်ဝင်္ကပါ’

အောင်မြင်နေတဲ့ မိသားစုဆရာဝန်နဲ့ တွဲဖက်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Ji Sun Woo ရဲ့ဘဝတွင် အရာအားလုံးက ပြီးပြည့်စုံနေပုံရပါတယ်။ သူမဟာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် ငွေရေးကြေးရေးအရ ကူညီပေးခဲ့ဖူးတဲ့ သူမရဲ့ချောမောခံ့ညားတဲ့ ခင်ပွန်းဖြစ်သူ Lee Tae Oh နဲ့ သူတို့ရဲ့ဆယ်ကျော်သက်သားလေး Joo Young တို့နဲ့အတူ Gosan တွင် ပျော်ရွှင်စွာအတူနေထိုင်ကြတာပါ။

youtube.com

အရမ်းကိုပြီးပြည့်စုံနေတဲ့ မိသားစုတစ်ခုလို့ထင်ရပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုအကြောင်းနဲ့ ဒါကိုသူငယ်ချင်းတွေကတောင် ဖုံးဖိပေးထားတာကို သိလိုက်ရချိန်မှာတော့ ပျော်ရွှင်ပြီးချစ်စရာကောင်းတဲ့ မိသားစုဘဝရဲ့ ပြီးပြည့်စုံတဲ့ပုံရိပ်က ပြိုပျက်သွားခဲ့ရပါတယ်။ သစ္စာဖောက်မှုကြောင့် ကြေကွဲဝမ်းနည်းမှုနဲ့အတူ လက်စားပြန်ချေဖို့ကြိုးစားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး အိမ်ထောင်ရေးအရှုပ်အထွေးတွေကြောင့် အရမ်းကိုလောင်ရမဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

pinterest.com

‘အိမ်ထောင်ဝင်္ကပါ’ ဟာ 2020 ခုနှစ်ကထွက်ရှိခဲ့ပြီး ပရိသတ်တွေကြားမှာ အရမ်းကိုလူကြိုက်များ ရေပန်းစားခဲ့တဲ့ ကိုရီးယားဒရာမာစီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို Joo Hyun က ရေးသားထားပြီး ဒါရိုက်တာ Mo Wan Il က ပုံဖော်ရိုက်ကူးထားကာ သရုပ်ဆောင်တွေအနေနဲ့ Kim Hee Ae, Park Hae Joon, Han So Hee, Park Sun Young, Kim Young Min, Chae Gook Hee နဲ့ တခြားသရုပ်ဆောင်တွေက ပါဝင်ထားကြတာပါ။ လောင်ရတာကြိုက်တဲ့ ကေဒရာမာပရိသတ်တွေအတွက် အရမ်းကိုအကြိုက်တွေ့စေမဲ့ ‘အိမ်ထောင်ဝင်္ကပါ’ ဇာတ်လမ်းတွဲလေးကို အခုပဲ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုလိုက်ပါ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d