Friday, April 19, 2024
HomeEntertainmentကိုရီးယား သွေးစုပ်ဖုတ်ကောင်အချစ်ဇာတ်လမ်းတွဲ'The Scholar Who Walks the Night'

ကိုရီးယား သွေးစုပ်ဖုတ်ကောင်အချစ်ဇာတ်လမ်းတွဲ’The Scholar Who Walks the Night’

2015 ကတည်းက ထုတ်လွှင့်ပြသခဲ့တဲ့ ‘The Scholar Who Walks the Night’ ဇာတ်လမ်းတွဲဟောင်းလေးဟာ စာရေးဆရာမ Jo Joo-hee ရေးသားထားတဲ့ အမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Lee Joon-gi, Shim Chang-min, Lee Soo-hyuk, မင်းသမီး Lee Yu-bi, နဲ့ Kim So-eun တို့က အဓိကပါဝင်ထားကြတာပါ။ ဒီဒရာမာဇာတ်လမ်းတွဲဟာ 2006 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ‘Fly, Daddy, Fly’ ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့တဲ့ မင်းသား Lee Joon-gi နဲ့ မင်းသမီးချော Kim So-eun တို့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ဇာတ်လမ်းတွဲလေးလည်း ဖြစ်ပါတယ်။

Instagram

‘The Scholar Who Walks the Night’ ဇာတ်လမ်းတွဲဟာ နန်းတွင်းစိတ်ကူးယဉ် အချစ်ဇာတ်လမ်းမျိုးဖြစ်ပြီး ဇာတ်လမ်းပုံစံက Jo Yang-sun (Lee Yu-bi) ဟာ ဖခင်ဖြစ်သူ နိုင်ငံတော်သစ္စာဖောက်မှုဖြင့်စွပ်စွဲခံရမှုကြောင့် မိသားစုအားလုံးကို ဆုံးရှုံးခဲ့ရတဲ့ အထက်တန်းလွှာမိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ စာအုပ်ရောင်းတဲ့ အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့ကာ ချောမောပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင် Kim Sung-yeol (Lee Joon-gi) နဲ့ တွေ့ဆုံခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Kim Sung-yeol ဟာ စည်းကမ်းမလိုက်နာတဲ့ သွေးစုပ်ဖုတ်ကောင်တွေကို ဖယ်ရှားဖို့တာဝန်ရှိတဲ့ နှစ်ပေါင်း 120 ကြာနေထိုင်လာခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်သာ ဖြစ်ပါတယ်။

Instagram

Jo Yang-sun တစ်ယောက် ဖခင်ဖြစ်သူရဲ့ စွပ်စွဲခံရမှုကို ဖြေရှင်းသွားနိုင်မှာလား။ လူသားနဲ့ သွေးစုပ်ဖုတ်ကောင်တို့ကြား ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် သာမန်နန်းတွင်းဇာတ်လမ်းတွဲတွေနဲ့မတူတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

‘The Scholar Who Walks the Night’ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading