‘အခက်အခဲများကိုကျော်ကာ’ မိသားစုဒရာမာဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Go Bong Hwang က ရေးသားထားပြီး ဒါရိုက်တာ Sung Joon Hae က ရိုက်ကူးထားကာ မင်းသမီး Na Hye Mi, Jung Min Ah, Do Ji Won, မင်းသား Choi Woong, Jung Heon, Kim Yoo Suk နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

ဒီဇာတ်လမ်းတွဲလေးဟာ လောကကြီးရဲ့ မျက်စိမှိတ်ဘက်လိုက်ခြင်းကိုတွန်းလှန်ရင်း အခက်အခဲတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ကျော်လွှားဖို့ကြိုးစားနေကြတဲ့ လူငယ်လေးယောက်ရဲ့အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ တက်သစ်စ ရာသီဥတုသတင်းကြေညာသူ Bo Ra, စိတ်အားထက်သန်တဲ့ delivery ကောင်လေး Dae Ro, မကြောက်မရွံ့ စာတွေရေးသားတတ်တဲ့ လူငယ် creator မလေး Ah Bi နဲ့ ဒေါသကြီးပေမဲ့ အရည်အချင်းရှိတဲ့ စီအီးအို Jun Soo တို့ပဲ ဖြစ်ပါတယ်။

ခက်ခဲမှုတွေကိုကျော်လွှားရင်း သူတို့ဘဝကို အရှုံးမပေးဘဲ ကြိုးစားရှေ့ဆက်ကြမဲ့ လူငယ်လေးယောက်ရဲ့ နွေးထွေးတဲ့ဇာတ်လမ်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။ မိသားစုအချစ် ဒရာမာဇာတ်လမ်းတွဲလေး ‘အခက်အခဲများကိုကျော်ကာ’ ကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။