‘နတ်ဘုရားရဲ့သံစဉ်ကမ္ဘာ’ ကိုရီးယားဒရာမာဟာ စိတ်ကူးယဉ်အချစ်ဟာသ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပြီး Lee Chun Geum မှ ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Lee So Yoon က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသား Kim Min Gue, Lee Jang Woo နဲ့ မင်းသမီးချောလေး Go Bo Gyeol တို့က အဓိကပါဝင်ထားပြီး Ye Ji Won, Park Sang Nam, Choi Jae Hyun နဲ့ တခြားသရုပ်ဆောင်တွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။

ဇာတ်လမ်းပုံစံက နတ်တန်ခိုးစွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ Pontifex Rembrary ဟာ နတ်ဆိုးနဲ့တိုက်ခိုက်နေစဉ်မှာပဲ ကမ္ဘာသစ်ဆီသို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ သူဟာ လူကြိုက်မများတဲ့ idol group တစ်ခုမှ အဖွဲ့ဝင် Woo Yeon Woo ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဆိုးရွားတဲ့ဖျော်ဖြေမှုအပြီးမှာတော့ အဖွဲ့ရဲ့ကံကြမ္မာကို ပြောင်းလဲရန်ကူညီပေးခဲ့ပါတယ်။

သူ့ရဲ့အရည်အချင်းနဲ့ မြင့်မြတ်တဲ့စွမ်းအားတွေဖြင့် ပရိသတ်တွေကြားထဲမှာ ရေပန်းစားလာခဲ့ပေမဲ့ ထူးဆန်းတဲ့ဘာသာရေးအဖွဲ့တစ်ခုအပြင် နတ်ဆိုးတွေနဲ့ပါ တိုက်ခိုက်ပြိုင်ဆိုင်ရကာ သူ့ရဲ့အတိတ်က စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာသစ်မှာ ဘယ်လိုအတားအဆီးတွေ၊ ဘယ်လိုနတ်ဆိုးတွေက စောင့်ကြိုနေမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ‘နတ်ဘုရားရဲ့သံစဉ်ကမ္ဘာ’ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုလိုက်ပါ။