Monday, December 11, 2023
HomeEntertainmentကမ္ဘာကြီးပေါ်ကအန္တရာယ်ကို လက်နက်ကိုင်တိုက်ထုတ်ကြမဲ့ ကျောင်းသားလေးတွေရဲ့ဇာတ်လမ်း 'ကျောင်းသားစစ်သည်တော်များ'

ကမ္ဘာကြီးပေါ်ကအန္တရာယ်ကို လက်နက်ကိုင်တိုက်ထုတ်ကြမဲ့ ကျောင်းသားလေးတွေရဲ့ဇာတ်လမ်း ‘ကျောင်းသားစစ်သည်တော်များ’

‘ကျောင်းသားစစ်သည်တော်များ’ စီးရီးဟာ သည်းထိတ်ရင်ဖို သိပ္ပံအက်ရှင်ဒရာမာတစ်ခုဖြစ်ပြီး Lee Nam Gyu က ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Sung Yong Il က ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေဖြစ်တဲ့ Shin Hyun Soo, Lee Soon Won, Kim Ki Hae, Choi Moon Hee, Kim Su Gyeom, Lee Yeon နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

youtube.com

‘ကျောင်းသားစစ်သည်တော်များ’ ကိုရီးယားဇာတ်လမ်းတွဲဟာ ကမ္ဘာမြေကို ဂြိုဟ်သားကျူးကျော်ဝင်ရောက်မှုတွေ စတင်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် ဆိုးရွားတဲ့အင်းဆက်လိုမျိုး သတ္တဝါတွေရောက်ရှိလာချိန်မှာ ပရမ်းပတာအခြေအနေဖြစ်နေတဲ့ Sungjin အထက်တန်းကျောင်းအကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားစစ်တပ်ကနေ တတိယနှစ် အထက်တန်းကျောင်းသားအားလုံးကို မဖြစ်မနေစစ်မှုထမ်းရန် ညွှန်ကြားလိုက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခါနီးအချိန်တွင် စစ်မှုထမ်းဖို့ဖြစ်လာခဲ့ရတာပါ။

pinterest.com

တပ်စုခေါင်းဆောင် Lee Chun Ho က ကျောင်းဝတ်စုံဝတ်ဆင်ထားတဲ့ ကျောင်းသားတွေကို သေနတ်ပစ်ခြင်း၊ တိုက်ခိုက်ရေးနဲ့ အတားအဆီးဖြတ်ကျော်ခြင်း သင်တန်းတွေကို လမ်းညွှန်သင်ကြားပေးခဲ့ကာ အတန်းပိုင်ဆရာမ Park Eun Young ကတော့ သူမရဲ့ကျောင်းသားတွေကို ကာကွယ်ဖို့အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒီအထက်တန်းကျောင်းသားလေးတွေက ကမ္ဘာပျက်ကိန်းနဲ့ကြုံနေရချိန်မှာ ကမ္ဘာကြီးကိုကယ်တင်ပြီး တကယ်ပဲသူရဲကောင်းတွေ ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။

ငယ်ရွယ်တဲ့ကျောင်းသားလေးတွေက ကြုံတွေ့နေရတဲ့အခြေအနေကို ကြိုးစားတိုက်ခိုက်ပုံကို ကြည့်ရှုရမဲ့ ‘ကျောင်းသားစစ်သည်တော်များ’ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d